M.Res လုပ်မယ်ဆိုတော့ ဘာလုပ်ရရင် ကောင်းမလဲ… အရင် စဉ်းစားရပါတယ်။ ပြီးတာနဲ့ ကိုယ်တကယ် စိတ်ဝင်စားရဲ့လား…၊ လုပ်လို့ရော ဖြစ်နိုင်ပါ့မလား…၊ လိုအပ်တဲ့ စာအုပ်စာတန်းတွေ ရနိုင်ပါ့မလား…၊ အချက်အလက် စုဆောင်း ကောက်ယူဖို့ကရော အဆင်ပြေနိုင်ပါ့မလား…၊ ကိုယ်လုပ်မယ့် သုတေသနကျမ်းက သီအိုရီပိုင်းသာမက လက်တွေ့ပိုင်းမှာရော အကျိုးရှိနိုင်ပါ့မလား…၊ ကျမ်း ကြီးကြပ်သူ ဆရာနဲ့ ပါမောက္ခကရော သဘောကျ လက်ခံနိုင်ပါ့မလား… စသည်ဖြင့် ထောင့်ပေါင်းစုံက စဉ်းစားခဲ့ရပါတယ်။ Q-2 မှာ ရေးခဲ့တဲ့ Term paper ‘Personnel Trainning ‘ နဲ့ ဆက်စပ်ကာ လက်တွေ့လုပ်ငန်းခွင်က အမှုထမ်း-အရာထမ်းတွေအတွက် အကျိုးရှိမယ့် လက်တွေ့သုတေသနတခုကို ရေးသားတင်ပြဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ပြင်ပကုမ္ပဏီမှာ အလုပ် လုပ်ခဲ့စဉ်က ဆက်စပ်ပတ်သက် ဆက်ဆံခဲ့ရတဲ့ အလယ်အလတ် စီမံခန့်ခွဲရေး အရာထမ်းတွေရဲ့ တာဝန်ခေါင်းရှောင်မှုနဲ့ ပဋိပက္ခ-ပြဿနာ ဖြေရှင်းမှုစတိုင် အားနည်းချက်တွေကို ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရတာမို့ ဒီ ပဋိပက္ခ ဖြေရှင်းမှုစတိုင်ကို လက်တွေ့လေ့လာတင်ပြဖို့ စိတ်ကူးခဲ့ပါတယ်။ ပြီးတာနဲ့ ကျမ်း ကြီးကြပ်သူ ဆရာ့ကို တင်ပြ ဆွေနွေးကာ အကြံပြု-သဘောတူညီချက် ရယူခဲ့ပါတယ်။
M.Res Proposal ကို သုံးမျက်နှာလောက် ရေးတင်ကာ ဆရာကြီး ဒေါက်တာကျော်စိန် အမှူးပြုတဲ့ ပါမောက္ခကြီးတွေရှေ့မှာ Pre-defense ထိုင်ရပါတယ်။ ပြဿနာ ကြီးကြီးကျယ်ကျယ် မရှိခဲ့ပါဘူး။ ဒီခေါင်းစဉ်“A Study on Managing Organizational Conflicts” နဲ့ပဲ လုပ်ဖို့ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။ တခုပဲ စိုးရိမ်စရာကောင်းတာက မေးခွန်းလွှာမေးပြီး နမူနာစစ်တမ်း ကောက်ယူမယ့် Target subjects က အလယ်အလတ်အဆင့် ဌာနဆိုင်ရာ စီမံခန့်ခွဲရေး အရာထမ်းတွေ ဖြစ်နေတာပါပဲ…။ သူတို့က ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် “ဒီ မေးခွန်းတွေကို ဖြေကြားမပေးနိုင်ပါဘူး” ဆိုရင် ဘယ်လိုလုပ်မလဲ…။ ခေါင်းစဉ် ပြောင်းရမှာလား...။ သုတေသန ဆိုတာ မီးစင်ကြည့် ကလို့ ရတဲ့အရာမျိုးလား…။
Pre-defense ပြီးတဲ့အချိန်မှာ လက်ဘက်ရည်သောက်ကြတော့ ပါမောက္ခ ဆရာဦးခင်မြင့် (ယခု အငြိမ်းစား) က “ကိုမိုးစံရဲ့လေ့လာမှုမှာ သုံးမယ့် စာရင်းအင်းနည်း (Statistical Method) က သုံးနေကြ ခိုင်စကွဲယား (x2) ထက် တီတက်စ် (t test) က ပိုပြီး အဆင်ပြေလိမ့်မယ်” ထင်တယ် လို့ အမှတ်မထင် ပြောလိုက်ပါတယ်။ ကျုပ်ကလည်း စာရင်းအင်းနည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာရအုံးမယ်လို့ စိတ်ထဲမှာပဲ တေးထားလိုက်ပါတယ်။ တကယ်တော့ အဝေးသင်တတိယနှစ်မှာ “စိတ်ပညာစာရင်းအင်း” ဆိုပြီး သီးသန့်တစ်ဘာသာ သင်ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ဘယ်အခြေအနေမျိုးမှာ ဘယ်စာရင်းအင်းနည်းလမ်းကို အသုံးပြုရမယ်ဆိုတာ မသိခဲ့…။ သက်ဆိုင်ရာ ဖော်မြူလာကို အလွတ်ကျက်… ပေးထားတဲ့ကိန်းဂဏန်းကို အစားထိုးကာ အဖြေရှာ တွက်ချက်ခဲ့ကြသည်သာ…။ အဲဒီလိုဆိုရင် Day မှာရော…၊ ထူးမခြားနား..အတူတူပါပဲ…။
လူမှုရေးသိပ္ပံနယ်ပယ်ကသုတေသနမှာ အဓိကသော့ချက်တစ်ခုဖြစ်တဲ့ စာရင်းအင်းနည်းပညာ (Statistical Method) ကို လေ့လာသင်ယူဖို့ ကြိုးစားရပါတော့တယ်။ ကံအားလျော်စွာပဲ ရန်ကုန်စီပွားရေးတက္ကသိုလ် HRD ကဖွင့်လှစ်တဲ့ CABS, DBS ညနေပိုင်းသင်တန်းတွေမှာ စာရင်းအင်းဘာသာရပ် ပါဝင်ခဲ့တာကြောင့် အချိန်မှီ သင်တန်းတက်ရောက်ဖို့အရေး စာရင်းပေးငွေသွင်းလိုက်ရပါတော့တယ်။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
-
ကျမ တရားစခန်းဝင်တယ်ဆိုတော့ အကြောင်းသိတချို့က အံ့ဩကြတာလည်း ရှိ..
သာဓုခေါ်ကြတာလည်း ရှိပါတယ်။
ဟုတ်တာပေါ့... ကျမက တရားထိုင်တယ်ဆိုတဲ့ ဘာဝနာကိစ္စနဲ့ အတော်အလ...
2 months ago
1 comments:
အစ်ကိုရေ... ကျွန်တော် သင်္ကြန်ကျရင် ယင်းမာပင်ပြန်ဖြစ်မယ် ထင်တာပဲ။ သိပ်တော့ မသေချာသေးဘူး။ တကယ်လို့ ပြန်ဖြစ်ရင် အစ်ကို့ရွာကို ဘာမှချင်သေးလဲမသိဘူး။ ကျွန်တော့်မေးလ် ဆီကိုသာ ပို့ပေးပါ။ ကျွန်တော် မဖြစ်ဖြစ်အောင် သွားပေးပါ့မယ်။ အခုတလောတော့ နည်းနည်းအလုပ်ရှုပ်လို့ အွန်လိုင်းသိပ်မသုံး ဖြစ်သေးဘူး။ မေးလ်တော့ လာစစ်ဖြစ်မှာပါ။ ကျွန်တော့်မေးလ်ကို မှတ်မိပါတယ်နော်.. soul88ster@Gmail
Post a Comment